Quantcast
Channel: ပေါက်ကရအတွေးအပိုင်းအစများ
Viewing all articles
Browse latest Browse all 26

ရား.. ရား.. ရား..

$
0
0
ဟိုတစ်နေ့ကဆို နံနက်လေးခွဲမှ အိပ်ရာဝင်တာ.. နံနက် သူငယ်ချင်းတစ်ယောက် ပြန်မယ်ဆိုတော့ အဲဒါ လိုက်ပို့ ရမှာ လေဆိပ်ကို ၁၁ နာရီအရောက် ချိန်းထားတယ်လေ.. အဲဒါနဲ့ ၉ နာရီ နှိုးစက်ပေးထားလိုက်တယ်..

ဖြစ်ပုံက နှိုးစက်က မြည်နေတာ ကြာလှပေါ့ အိမ်မက်နဲ့ နှိုးစက်အသံနဲ့ သွားရောနေတာ.. အိမ်မက်ထဲမှာ ကားတွေ ပိတ်နေလို့ ကျွန်တော့်ကားက ရှေ့မှာ.. အနောက်ကကားတစ်စီးက နောက်ကနေ ဟွန်းတွေ အသကုန် တီးတာ ကားတွေပိတ်နေပါတယ်ဆိုမှ သွားမရတာ တွေ့တွေ့ကြီးနဲ့.. ပီးပီးပီး.. ပီးပီးပီး.. လာလုပ်နေတယ် ကျွန်တော်လည်း တင်းလည်းတင်း.. ဒေါသလည်းထွက်လာပြီး သူလုပ်သလို ပီးပီးပီး ပီးပီးပီး.. နဲ့အရွဲတိုက်ပြီးပြန်လုပ်နေလိုက်တယ်..

အဲဒါလည်း မရဘူး နောက်ကနေ ထပ်ပြီး တပီးပီး လုပ်နေတုန်းပဲ.. ကိုက စိတ်ကလည်းမြန်တာနဲ့ ကြာရင် လက်ပါ ပါသွားမှာစိုးလို့.. Hay man.. Why u ပီးပီးပီး ပီးပီးပီ behind me,u see all the way blocking, R lar mar... ဆိုပြီး စလုံးတွေပြောသလို လှန်းတုပ်ပလိုက်တယ်.. နည်းနည်းတော့ ကျေနပ်သွားတယ်..းP

ဘယ်ဟုတ်မလဲဗျ ဟိုတပီပီက နှိုးစက်မြည်နေတာ.. အဲဒါကို ကိုက ပြန်ပိတ်လိုက် ပြန်မြည်လိုက်.. ပြန်မြည်လိုက် ပြန်ပိတ်လိုက် လုပ်နေတာ.. နိုးလည်းနိုးရော ဖုန်းကိုကြည့်လိုက်တာ.. အော်.. သူခမျာ ငါ့ကိုလည်းနိုးရသေးတယ် ကလော်တုပ်လည်း ခံလိုက်ရလို့လေ စိတ်မကောင်းဖြစ်သွားမှာပဲ ဆိုပြီး တွေးနေမိသေးတယ်..။

ပြီးတော့မှ.. ဟာ.. ဟာ.. သွားပြီ.. နောက်ကျပြီ..အီး အဲနဲ့ ကမန်းကတမ်းထ မျက်နှာ ကမန်းကတန်းသစ် သွားကို ဘယ်သုံးချက် ညာသုံးချက် အပေါ်သုံးချက် အောက်သုံးချက် တိုက်ပြီးတာနဲ့ ပြေးရတော့တာပေါ့..။

ဟိုတစ်ခါလည်း အဒေါ်ကြီးတစ်ယောက် အဲလိုပဲ ဆွမ်းလောင်းဖို့ဆိုပြီး ဆွမ်းထချက်တာ.. ဆွမ်းက ကျက်သွားပြီး.. ဒါပေမယ့် မီးဖိုချောင်ထဲမှာ ဒူးနှစ်ဖက်ကို လက်လေးနဲ့ပိုက် ထမီကိုခြုံပြီး ထရံကိုမှီကာ ဇိမ်ကျနေတာ.. ကျွန်တော် ရောက်လာတော့မှ .. အဒေါ်ရေ အဒေါ်.. ဆိုပြီး လှမ်းအော်လိုက်တာ အော်လည်းအော်လိုက်ရော အဒေါ်ခများမှာ ရုတ်တရက်ထပြီး ခြုံထမီကို ကမန်းကတန်း ဝတ်ကာ ဆွမ်းခွက်ယူပြီး ဆင်းလာတာပေါ့.. ကျွန်တော်နဲ့ ဦးဇင်းက ပြုံးနေတာကို အဒေါ်ကြီး ရိပ်မိသွားတော့..

“ဟေ့ကျောင်းသားလေး.. ဘာပြုံးနေတာလဲ”

“ဟို.. ဟို.. အ. အ. ဒေါ်ကြီး အပေါ်အောက်”

“ဘာအပေါ်အောက်လဲ ဘာဖြစ်လို့လဲ ကျောင်းသားလေး” .. ဆိုပြီးတော့ အဒေါ်ကြီးက ငုံ့ကြည့်လိုက်တော့မှ ဆယ့်ခြောက်နှစ်သမီး ရှက်သွေးတွေ ဖြာသွားသလိုပေါ့..

“အိုးး)း)း)း) .. အားနာလိုက်တာ ဦးဇင်းရယ်.. ကောင်လေး.. နင်နော်နင်..းP” ဆိုပြီး ပြေးတော့တာပေါ့..။

အဒေါ်ကြီးက ထမီကို ထပ်ဆင့် အပေါ်အောက် မှားဝတ်လာတာလေ.. အဟိ.. အဟိ..းP (ကြုံလို့ ပြောပြတာလေ) နောက်ကြုံမှပဲပြောတော့မယ်.. လေဆိပ်မရောက်ပဲနေလိမ့်မယ်..။

အဲလိုနဲ့ လေဆိပ်ရောက်တော့ သူငယ်ချင်းကို လိုက်ရှာတာ.. မတွေ့တော့မှ ဖုန်းဆက်လိုက်တယ်.. ဘယ်တွေ့မလဲ ဘသားချောတွေက Terminal 1 နဲ့ 2 မှားသွားတာ.. ကျွန်တော်နဲ့ချိန်းရင် တစ်ခုခုကတော့ ပေါက်ကရ ဖြစ်တော့ တာပဲ..။

အဲဒါနဲ့ Check in လုပ်ဖို့ သွားတာပေါ့.. ကီလိုချိန်လည်းချိန်ရော.. “ဟိုက်”.. ငါးကီလိုတောင် ပိုနေပါရောလား.. ဘယ်တတ်နိုင်မှာလဲ တစ်ကီလိုတစ်ဆယ်နဲ့ ငါးဆယ် ထပ်မိတာပေါ့.. သူငယ်ချင်းက ကီလိုပိုအတွက် ပိုက်ဆံ သွားရှင်းနေတဲ့ အချိန်မှာ ကျွန်တော်က Check in လုပ်တဲ့ ကောင်တာဘေးမှာ ဟိုကြည့်သည်ကြည့်နဲ့ ရပ်နေတာ အဲဒီအချိန်မှာပဲ ပိန်ပိန် ညှပ်ညှပ် ကောင်မလေးတစ်ယောက် ရောက်လာပြီး..

“ဒီမှာ.. Excuse me, Where can i check in”ဆိုပြီး မေးတယ်လေ.. ကျွန်တော်ကလည်း ပြုံးစိစိလုပ်ပြီှးတော့မှ

“ ညီမက မြန်မာလား”

“ရား.. ရား.. ရား.. အယ်.. အို.. အင်း.. ဟုတ်ဟုတ် တယ်” ပြောပြီး ပြုံးစိစိဖြစ်သွားတယ်..။

ကျွန်တော်နဲ့ စကားပြောပြီး အိပ်တွေယူကာ Check in ဝင်တာပေါ့လေ.. ကျွန်တော်လည်း အမှုမဲ့ အမှတ်မဲ့ပါပဲ.. ပြီတော့မှ ကောင်မလေးက

“ကျေးဇူးနော်အကို”

“အေးအေး.. ရတယ်ညီမ”

“ညီမကမပြန်ဘူး.. ညီမအမပြန်မှာ အဲဒါလာပို့တာလေ”

“အေးအေး.. ညီမ”

“အကို.. ညီမ ပြန်အုံးမယ်နော်.. ကျေးဇူး အကို” ဆိုပြီး လှည့်ထွက်သွားတာပေါ့..။

“ကျား” တို့ သဘာဝအတိုင်း သိတယ်မှတ်လား.. ကောင်မလေး လှည့်ထွက်သွားတော့ ပြန်လှည့်ကြည့်ချင်တာပေါ့ မတတ်သာလို့သာ ဟန်ဆောင်ပြီး နေရတာ (ကျားစစ်စ်ဆိုရင် သေချာပေါက် ပြန်ကြည့်မှာပဲ) မကြည့်ဘူးဆိုရင် အနည်းဆုံးတော့ ခိုးကြည့်မိမှာပဲ..

ကျွန်တော်လည်း အဲဒီစိတ်လေးပေါ်လာလို့ ကောင်မလေး လှည့်ထွက်သွားတုန်း မသိမသာ ခိုးကြည့်လိုက်မိရော အဲဒီမှာတင်.. “ဟိုက်” ကနဲ့ ဖြစ်သွားရော..

ဟီးးးးးးးးးးးးးးးးးးးးးးး သူ့တင်လုံးလုံးလေးပေါ်မှာ အဖြူရောင် စာလုံးအကြီးကြီးနဲ့ ရေးထားတာ.. NOBODY ..တဲ့..။

ဟေဟေးးးးး ကောင်မလေးသာသိသွားရင် တရားစွဲမှာလား မသိဘူး...းP.. စာလာဖတ်ကြသော စာဖတ်ူသူအပေါင်းတို့အား ခင်မင်လေးစားစွာဖြင့် ..

စည်သူ။



Viewing all articles
Browse latest Browse all 26

Trending Articles