Quantcast
Channel: ပေါက်ကရအတွေးအပိုင်းအစများ
Viewing all articles
Browse latest Browse all 26

ကျွန်တော်သိသော အချစ်ဆိုသည်မှာ

$
0
0

သြော်.... အချစ်.. အချစ်.. အချစ်..

အချစ်ဆိုသည်မှာ.. ဘာလဲပြောရရင် ကျွန်တော်လည်း မသိပါဘူး အသက်က ငယ်သေးတော့ နားမလည်ဘူးလေ အသက် ဘယ်လောက်ရှိပြီလဲလို့တော့ မမေးနဲ့နော် အသက်ကို သိသွားရင် ဆရာကိုတောင် ခေါ်မမှီပဲ ဖြစ်သွားမှာ စိုးလို့ပါ.. တာဝန်ယူနိုင်ဘူးလေ..းP ဟီးဟီး..။

အချစ်ဆိုသည်မှာ.. ပေးဆပ်ခြင်းလား.. ရယူပိုင်ဆိုင်ခြင်းလား.. ပျော်ရွှင်ခြင်းလား.. ဝမ်းနည်းခြင်းလား.. ဒါမှမဟုတ်ပူဆွေးခြင်းလား.. လောင်မြှိုက်ခြင်းလား.. ချိုသလား ခါးသလား.. ချဉ်သလား.. စပ်သလား.. ငံသလား ပေါ့သလား.. ခါးသလား ဆိမ့်သလား.. အဲဒီက စပြောရမှာပဲ.. မင်းမသိတော့ ဟိုမင်း.. ပြည်မသိတော့ ဟိုပြည်ဆိုသလိုပေါ့..။

တကယ်တမ်းတော့ အချစ် ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို လူတွေက အမျိုးမျိုး ဖွဲ့ဆိုထားကြပါတယ်..။ တင်စားမှု တွေကလည်း လက်လှမ်းမမှီလောက်အောင်ကို မြင့်မားတယ်..။

အချစ်သည်သာလျှင် အသက်.. အချစ်သည်သာလျှင် ဘဝ.. အချစ်သည်သာလျှင် ဆေးဆစ်ခွက်.. အချစ်မရှိရင်ပဲ အသက်သေသွားတော့မလို အချစ်မရှိရင်ပဲ ဘဝပျက်တော့မလို အချစ်မရှိရင်ပဲ ဆရာဝန် မကယ်နိုင်တော့သလို အမျိုးမျိုးပေါ့ဗျာ တင်စားတတ်ကြပါတယ်..။

အိပ်လည်းမရ စားလည်းမရ.. ထိုင်လည်းမရ ထလည်းမရ.. သွားလည်းမရ လာလည်းမရ.. ဟိုလျှောက် ဒီလျှောက် တောင်လျှောက် မြောက်လျှောက်.. ဟိုလူ့ကိုရန်တွေ့လိုက် ဒီလူ့ကိုရန်တွေ့လိုက်.. ဟိုဟာကိုင်လိုက် ပြန်ချလိုက်.. ဒီဟာကိုင်လိုက် ပြန်ချလိုက်.. ဘီဒိုအံဆွဲကို ဖွင့်လိုက် ပြန်ပိတ်လိုက်.. Remote ကို ကောက်ကိုင်လိုက်.. တီဗွီကိုဖွင့်လိုက် ပြန်ပိတ်လိုက်.. ကိုးရီးယားဇာတ်လမ်းလေးကြည့်လိုက် ပြန်ပိတ်လိုက်.. ဟိုဇာတ်ကားပြောင်းလိုက် ဒီဇာတ်ကား ပြောင်းလိုက်.. အိုးးးးးးးးးးး အမျိုးကိုစုံနေတာပဲ..။

တစ်ကမ္ဘာလုံးမှာရှိတဲ့ Business Details တွေကို သူ့ရှေ့စာပွဲပေါ်မှာတင် လက်တစ်ဖက်မှာ ဘောပင်လေးချောင်း ကိုလက်ချောင်းကြားမှာညှပ်.. ကျန်တစ်ဖက်က အံဆွဲကိုဖွင့်ပြီး ဟိုနှိုက်ဒီနှိုက်.. ပြီးတော့ ရုံးဖုန်းကို ဘယ်ဖက်နားနဲ့ ခေါင်းလေးကိုစောင်းကာ ပုခုံးနဲ့ခေါင်း ညှပ်ပြီး နားထောင်.. ညာဖက်နားမှာက ဘီလူးတု တပ်ထားသေး.. ညာဖက် ခြေထောက်ကလည်း မမှီတမှီနဲ့ ခပ်လှမ်းလှမ်းက အမှိုက်ခြင်းလေးကို လှမ်းကလော်နေသေးတယ်.. အဲယားကွန်း အခန်းထဲမှာ လက်ဝဲရံ လက်ယာရံ အနေနဲ့ အသေးစား ဆိုင်ကလုန်းကလည်း စာပွဲဘယ်ညာ တစ်ဖက်ဆီကနေ တိုက်ပေးနေရသေးတယ်.. အဲလိုမျိုးကို ရှုပ်ရှက်ခတ်နေတာ..။

ဘာတွေဖြစ်နေလဲလို့ သွားမမေးရဲပါဘူး မေးလိုက်တာနဲ့ တခါတည်း ပိတ်ထိုးလိုက်လို့ ပဲခူးရောက်သွားဦးမယ်.. ပိတ်ကန်လိုက်ပြန်ရင် လက်မှတ်မဝယ်ပဲ မြင်းခြံရောက်သွားမယ်.. နောက်ထပ် ပိတ်တီးလိုက်လို့ကတော့လေ.. ကီးခုနှစ်ကီး တစ်ကီးမှ မကိုက်ဘဲ သံစဉ်ကြောင်နဲ့ နဖာချီးပါ ဂစ်တာတီးပြီးထွက်သွားလိမ့်မယ်..။

အော်... အချစ်... အချစ်... အချစ်... အဲလောက်ထိတောင်ပဲလား...

တကယ်တမ်းတော့ အချစ်ဆိုတာ နှလုံးသားက ပေါက်ဖွားလာခြင်း မဟုတ်ပဲ ဦးနှောက်က ပေါက်လာဖွားခြင်းဖြစ် တယ်လို့ ကျွန်တော်ယူဆတယ်.. ကျွန်တော်ကတော့ အချစ်ကို ရွေးချယ်ခွင့်ရခဲ့မယ်ဆိုရင် ဦးနှောက်နဲ့ပဲ ရွေးချယ် ဆုံးဖြတ်မှာပါ ..။ နှလုံးသားပုဒ်စာနဲ့ တွက်လို့ရတဲ့ အဖြေကို ဦးနှောက်ပိုင်းချေနဲ့ ထပ်စားလိုက်ရင် ညီမျှခြင်းရဲ့အ ခြားတဖက်မှာ တိကျတဲ့အဖြေ ရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်..။

သူတို့တွေ ဘယ်လိုအချစ်မျိုးနဲ့ ချစ်ကြတာလဲ.. အချစ်ကို ဘာနဲ့ဆုံးဖြတ်ကြတာလဲ.. အချစ်ဆိုတာကရော ဘာလဲ.. အပေါ်က စာလုံးအပြာနဲ့ရေးထားတာမျိုးလား... အောက်က ပုံလေးတွေကိုကြည့်ပြီး ထင်မြင်ချက်လေးတွေ ပေးကြစို့လား..။


ပျော်ရွှင်စရာ မိသားစုကမ္ဘာလေးနဲ့ အချစ်ကို ခင်ပွန်းဖြစ်သူက ဦးနှောက်နဲ့ ဆုံးဖြတ်ထားခဲ့တယ်ထင်ရဲ့


ကိုယ်တစ်ပိုင်း မရှိပေမယ့် ဒုက္ခိတမိခင်အပေါ် သားဖြစ်သူက ချစ်ခင်လေးစားမှု အပြည့်နှင့်
ခင်ပွန်းဖြစ်သူရဲ့ယုယကြင်နာနွေးထွေးမှုပါ


တွဲလက်ခိုင်ခိုင်မြဲ ဆိုသလို ယနေ့မှစ နှစ်တစ်ရာတိုင်အောင်ပေါ့


တွဲလက်မဖြုတ် လေးစားထိုက်တဲ့ ခင်ပွန်းရဲ့အချစ်စစ်နဲ့အတူ


“ဘာကြည့်တာလဲသားရဲ့ မင်းရဲ့ညီမလေးကို ချီမလို့လား ရော့ချီလေ”

မောင်ဘယ်သွားသွား မယ်ကိုခေါ်မယ်.. မယ်ကလဲ မောင်ဘယ်ကိုသွားသွား လိုက်မယ်
တို့နှစ်ယောက်ရဲ့ ခိုင်မြဲတဲ့ အချစ်နဲ့



အိမ်အပြန်လမ်းမှ ချစ်မေတ္တာကို မြင်မိတယ်

မက်မက် (Dream) Tag ထားတဲ့ “အချစ်ဆိုသည်မှာ” တဂ်ပိုစ့်လေးကို ဒီလိုလေးပဲ ရေးပေးလိုက်ပါတယ်..

Forward Mail ကရတဲ့ ဓါတ်ပုံတွေကို ကူယူဖော်ပြ ခံစားရေးဖွဲ့ထားတာ ဖြစ်ပါတယ်..

အားလုံးပဲ ကျေနပ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်

ခင်မင်လေးစားစွာဖြင့်
စည်သူ။

Viewing all articles
Browse latest Browse all 26

Trending Articles