Quantcast
Channel: ပေါက်ကရအတွေးအပိုင်းအစများ
Viewing all articles
Browse latest Browse all 26

မွန်လိုညည်းတဲ့သီချင်းတစ်ပုဒ်

$
0
0
ဆိုညည်းနေကြသီချင်းက အများကြီးမရှိပါဘူး.. အောက်က စုံတွဲသီချင်းလေးကိုတော့ ကြိုက်တယ်.. မကြာမကြာ ဆိုညည်းဖြစ်ပါတယ်..

လူနှစ်ယောက်ရဲ့ မြစ်တစ်စင်း





ကျွန်တော် ဆိုညည်းနေကြ သီချင်းနောက်တစ်ပုဒ်ပေါ့ဗျာ.. ကျွန်တော်ကိုယ်တိုင် စီဆိုထားတာပါ.. အမြဲလိုလိုပါပဲ ဆိုနေကြ သီချင်းပေါ့လေ.. ခုထိလည်း ဆိုနေတုန်းပါပဲ.. သီချင်းက အရမ်းကိုကောင်းလို့ပါ..

သီချင်း အတော်များများကို အစအဆုံးမရပါဘူး.. ပြောရမှာ ရှက်လည်းရှက်ပါတယ်.. မရှက်လည်းမရှက်ပါဘူး ဒါပေမယ့် တဂ်ထားတဲ့သူက တဂ်ထားတော့ သီဆိုနေကြ သီချင်းကို မဖော်ပြလို့ မရဘူးလေ..

အဲဒါကြောင့် ကိုယ်တိုင် အမြဲသီဆိုနေကြဖြစ်တဲ့ သီချင်းကို တင်ပေးလိုက်ပါတယ်.. နားထောင်ကြည့်နော်.. ပြီးရင် မပြောင်ကြေးနော်.. ပြောင်ရင် တရားစွဲမှာ..း)

မွန်ဘာသာလည်း နည်းနည်းပါတယ်.. နားမလည်မှာစိုးလို့လေ.. ပြောပြမယ်.. အပျိုလေးတွေ ဆံပင်ရှည်ရင်လေ ဘာဖြစ်လဲသိလား.. ရှားလာလာလာလား ပေါ့နော်..းP

နောက်တစ်ခုရဲ့ အဓိပ္ပါယ်က.. နေလည်းပူ မိုးလည်းရွာတော့ ကျွန်တော်တို့တစ်တွေ ငှက်ပျောပင်အောက်ကို ပြေးကြတာပေါ့လေ.. အဖေလည်းရောက်.. အမေလည်းရောက်ရော ကျွန်တော်တို့တစ်တွေ ငှက်ပျောသီး စားကြတာလေ.. အဲဒါကိုပြောတာ..။



ကဲ.. နောက်ကားကျော်သွားလို့ မကျေမနပ် ဖြစ်နေတဲ့ မချစ်ရရေ.. ကိုယ်တိုင်ပါ သီဆိုပြသွားတာနော်.. ကျေနပ် လိမ့်မယ်လို့ ထင်ပါတယ်..P

ပေါက်ကရအတွေးအပိုင်းအစများမှစည်သူ။

Viewing all articles
Browse latest Browse all 26

Trending Articles